Thursday, June 1, 2017

ADBဲဆိုတာဘာလဲ??

ADB ဆိုတာဘာလဲ??(အပိုင်း 1)

ADB ဆိုတာ Andriod debug bridgeပါ။

ADBဆိုတာ andriod phone ,tabaletနဲ့andriod os သုံးထားတဲ့ andriod deviceမမှန်သမျှကိုcomputer ကနေထိန်းချုပ်လို့ရတဲ့command line toolkit ပါ

ADB ကနေandriod deviceတွေကိုဘာတွေလုပ်နိုင်လဲဆိုရင်  application သွင်းလို့ရတယ်ဖျက်လို့ရတယ် ။font အမျိုးမျိုးသွင်းလို့ရတယ်။
root လုပ်လို့ရတယ်။ lock အမျိုးမျိုးဖြည်လို့ရတယ်။andriod deviceတွေရဲ့ romတစ်ခုလုံးကို backup ထုတ်လို့ရတယ်
သွင်းလို့ရတယ်ပေါ့ ပီးတော့andriod deviceကိုအမျိုးအမျိုးထိန်းချုပ်လို့ရတယ်။

ကျွန်တော်ကတော့ဖုန်းနဲ့ပဲပြောပါမယ်။ဘာဖြစ်လို့လဲဆိုရင် လူတိုင်းလိုလိုကဖုန်းပဲအသုံးပြု  ကြလို့ပါ။
ပထမဦးဆုံးအနေနဲ့ဖုန်းကို control လုပ်လို့ရမှ command
လေးတွေပြောပြပါမယ်။command လေးတွေမပြောပြခင်မှာ

 အရင်ဦးဆုံးcomputer မှာadb driver သိဖို့တော့လိုပါတယ်
adb driver မသိဘူးးးဆိုရင်တော့ လုပ်လို့ရမှာမဟုတ်ပါဘူး

samsumgဆိုsamsumg adb driver huawei ဆို huawei
adb driver run ရပါတယ် phone model အမျိုးအစားနဲ့လိုက်ပီး run ရပါတယ်။

driver runပီးပီိဆိုတာ
computer က နေ control လုပ်ဖို့အတွက် window rနှိပ်ပီး
cmd ကိုဖွင့်ရပါမယ် ။ cmd မဖွင့်ခင် computer ကနေဖုန်းကို ထိန်းချုပ်ဖို့အတွက် adb driver runရုံနဲ့မလုံလောက်သေးဘူး

adb.exe,AdbWinApi.dll,AdbWinUsbApi.dll အဲဒီဖိုင်သုံးခုလိုအပ်ပါသေးတယ်။AdbWinApi.dllနဲ့AdbWinUsbApi.dll ဆိုတာ adb.exe အလုပ်လုပ်ဖို့အတွက် library  file် (သို့မဟုတ်)data file source file ဖြစ်ပါတယ်။

ကဲအဲဒါဆို adb command တွေကိုရိုက်ပီး ဖုန်းကိုcontrol လုပ်လို့ရပီ ဆိုလားဆိုတော့မရသေးပါဘူးး ဘာဖြစ်လို့လဲဆိုရင်
အပေါ်က သုံးဖိုင်က သူနေရာသူမရောက်သေးလို့ပါ။
ကဲအဲ့သုံးဖိုင်းကိုဘယ်လိုလုပ်မလဲဆိုရင်
folder တာလေးတစ်ခုဆောက်ပါ computer destop ပေါ်မှာပဲဖြစ်ဖြစ် Dး ထဲမှာပဲဖြစ်ဖြစ်ပေါ့ ပီးရင် အဲ့သုးံဖိုင်ထည့် ပီးရင် cmd.exe ကိုcopy လုပ် ပီးရင်folder ထဲကိုထည့်အဲ့ဒါဆိုရပါပီ  ဒါကတော့ သီးသန်းတစ်ခုထဲပဲထိန်းအဲ့သုံးဖိုင်ရှိမှာတဲ့cmd ကိုဖွင့်ပီးတော့ပေါ့
Window r နှိပ်ပီးတော့ cmd အသစ်ခေါ်ပီးတော့လုပ်လို့မရဘူးပေါ့  အဲ့လိုမဟုတ်ဘဲ window r နှိပ်ပီး cmd ဖွင့်ပီးတိုင်းအသုံးပြုချင်ရင်တော့ Cး ထဲက window ထဲက system32 ထဲကို အဲသုံးဖိုင်ထည့်လိုက်ရင်တော့သုံးလို့ရပါပီ
commad မရိုက်ခင် ဖုန်းထဲမှာ usb debugging နဲ့ unknown sources on ထားဖို့တော့လို့အပ်ပါတယ်
unknown sources ဆိုတာ phone ထဲမှာ app တွေကို installလုပ်လို့ရအောခွင့်ပြုတဲ့setting ပါ unkown sources ကိုအမန်ခြစ် ခြစ်မထားရင် app တွေကို install လုပ်လို့မရပါဘူးး
အမှန်ခြစ် ခြစ်ထားမှinstalll လုပ်လို့ရပါမယ်
usb debuggingကိုအမှန်ခြစ်မထားဘူဆိုရင် computer ကနေ debug မသိပါဘူးးး debug မသိရင် adb commandနဲ့ထိန်းချုပ်လို့မရပါဘူးး ဒါကြောင့် debug သိဖို့
အမှန်ခြစ်ကိုခြစ်ထားရပါမယ် ။unknown souces က ဘယ်ထဲမှာလဲဆိုရင် ဖုန်းရဲ့setting ထဲက security ထဲမှာပါ။
usb debugging က ဘယ်ထဲမှာလဲဆိုရင် ဖုန်းရဲ့Setting ထဲက developer  option ထဲမှာပါတစ်ချို့ဖုန်းတွေကdeveloper option မတွေ့ရပါဘူးးandriod version 3.0 ကနေ 4.0 4.1 အထိတော့ developer option တွေ့ရပါတယ် 4.2.2 ကနေအထက်ဆိုရင်ဆိုရင် about phone ထဲက bulidnumber ကို7ချက်နှိပ်ရပါတယ် mi ဆိုရင် miui version
ကို 7ချက်မဟုတ်ရင် 10ချက်နှိပ်ရပါတယ် meizu ဆို developer option ကaccessibility ထဲမှာပါ။

ကဲcommand လေးတွေရိုက်ပီးcontrol လုပ်လို့ရပီ command လေးတွေကတော့

ဖုန်းကို computer ချိန်ဆက်ထားလားadb သိလားမသိဘူးလားဆိုတာ
adb devices ပါ
အဲ့ကျ adb သိရင် list the device attached
ဖုန်းmodel အလိုက် နံပါတ်နဲ့  device ဆိုပီပေါ်လာပါမယ်
အဲ့ဒါဆို adb သိပါပီ
adb သိရင်  အရင်ဆုံးအခြေခံcommand
 လေးတွေပဲပြောပြပါမယ်

adb စမယ်ဆိုရင်
 adb start-server

adb deviceမသိဘဲ
daemonဲ not  running.starting is now on port 5037 လို့ error တက်နေရင်
adb kill-server

ဖုန်းကို reboot ချ ချင်ရင်
adb reboot

ဖုန်းကို recovery ဝင်ချင်ရင်
adb reboot recovery

samsumg ဖုန်းတွေကို download mode ကတော့
adb reboot download

fastboot င်ချင်တယ် ဆိုရင်
adb reboot bootloader(or)အခြားဖုန်းတွေမှာ
adb reboot oem-1
လို့ရိုက်ရပါတယ်

device modelရယ် model နံပါတ်သိချင်ရင်
adb device-1

phone model ကိုသိချင်ရင်
adb shell getprop ro.product.model

phonက gsmလားcdma လားသိချငိရင်
adb shell getprop ro.build.display.id

imei ကိုသိချင်ရင်
adb shell dumpsys iphonesubinfo

usb ကိုport ဘယ်နှစ်ပေါက်မြာက်လဲသိချင်ရင်
adb usb



နောက်ထက်command တွေကိုဆက်လက်ဖော်ပြသွားပါမည်။
To be continue........

ကျော်ဇင်ကို(ဥက္ကံသားလေးနည်းပညာ)

Share:

0 comments:

Post a Comment

Comments system

[blogger][disqus][facebook]

Disqus Shortname

sigma2

Recent News

PageNavi Results No.

Recent Post

Checker

Download link http://www.mediafire.com/file/254twn5cxsp9d38/Checker.apk

Search This Blog

Contact Form

Name

Email *

Message *