Tuesday, May 23, 2017

Underground cable တွေ ဆွဲ ရင်ဘာကြောင့် back filling မှာ သဲ ဖို့ ရပါသလဲ ?

Underground cable တွေ ဆွဲ ရင်ဘာကြောင့် back filling မှာ သဲ ဖို့ ရပါသလဲ ?
*********************************************************************
ဘာကြောင့်သဲ ဖို့ ရလဲဆိုတဲ့ အချက်တွေ က
1. ကေဘယ် နဲ့ မြေကြီးကြား မှာ သဲထည့်ခြင်း ဖြင့် ကေဘယ် ထွက်တဲ့ အပူ ကို မြေကြီးထဲသို့ အပူ စီးစေပြီး အပူလျော့ပါတယ် ။ thermal soil လို့တော့ technical term မှာသုံးပါတယ်။သဲ ကို သုံးခြင်းဖြင့် underground cable current carrying capacity ကိုတက်စေပါတယ် ။
2. အင်းဆက်ပိုးတွေ မြေကြွက်တွေ ကို သဲ က ကာကွယ်နိုင်ပါတယ် ။ သဲဆိုတော့ ကြွက်တွေ ဖေါက်ရင် ခက်ခဲပါတယ်။
3. ကေဘယ် ကိုလဲ သဲက မြေကြီးထဲမှ ရေငွေ့တွေ တိုက်ရိုက် ထိတွေ့ခြင်း မှ ရှောင်နိုင်ပြီးမြေကြီးထက်စာရင်  ဆွေးမြေ့ခြင်း ကို ပို ကာကွယ် နိုင်ပါတယ်။
4. ကေဘယ်တွေ ကွေးခြင်း ( banding ) ကို လည်း မပျက်စီးအောင် ကာကွယ်ပါတယ်။
Underground cable ဆွဲခြင်း (direct laying system)
=================================
ကျွန်တော်တို့ သုံးတဲ့ GS  ထဲ က အတွေ့ အကြုံလေး ဝေမျတာပါ ။ နည်း အမျိုးမျိုး ရှိပေမဲ့ ကျွန်တော် တို့ သုံးနေတဲ့ နည်းပါ။ အရေးကြီးတာ တခု က under ground cable ရှိကြောင်း အမှတ်အသားများပါပဲ ။
Under ground ဆွဲမယ်ဆိုရင် သင့် တော်တဲ့ ကြိုးကို သုံးရပါမယ် ။ under ground armored cable ကိုပဲသုံးသင့် ပါတယ် ။conduit  နဲ့ သုံးရင်လဲ သုံးနိုင်ပါတယ် ။
• ပထမဆုံး cable route ကို ရှာရပါမယ် ။
• Company Specification ကတော့  မြေကြီး အနက် အနဲ ဆုံး one meter ( ၃ ပေ )  တူးရပါမယ်။
• အောက်မှာ သဲ ၆ လက်မ ခင်းရပါမယ် ။ သဲ က ပိုးမွား နဲ့ ကြွက်တွေ ဒါဏ် ကို ခံ နိုင်ရည် ရှိပါတယ် ။ sand bad လို့သုံးပါတယ်။
• Cable မချခင်  သောချာအောင် လုပ်ရ မှာက cable ကို သင့်တော်တဲ့ continuity test , megger test လုပ်ရပါမယ် ။
• ပြီးရင် သဲပေါ်ကနေ cable  ကို ပြေး ရပါမယ် ။
• Cable  တွေဆွဲပြီးရင် အပေါ်က သဲ ၆ လက်မ ထပ်ခင်းရပါမယ် ။
• အဲဒါပြီးရင် မြေကြီး ၆ လက်မ ထပ်ဖို့ ပါ ။
•  ကွန်ကရစ်ပြားများကို အပေါ်ကနေ ဖုံးပါ ။အပေါ် မှ မသိပဲ တူးရင် အကာ အကွယ် အတွက်ပါ။
•  မြေကြီး ထပ် ဖုံးပါ ။
• အပေါ်ကို ၆ လက်မ လောက် ကျန်ရင် warning tape / mash  ဖုံးပါ ။ Under ground cable ရှိမှန်း နောက် လူတွေ သိအောင်ပါ။
• နောက် ဆုံး မြေဖို့ ပါ ။
• နောက်အရေးကြီးတာက cable routine marker တွေ ကို အပေါ်မှာ မီတာ ၅၀ အကွာတွေမှာ စိုက်ဖို့ ပါ ။ ကွန်ကရစ်တုံးလေးတွေနဲ့  လုပ်ထားတာပါ ။ ဒါမှလဲနောက် လူတွေ က cable တွေဘယ်ကနေ ဘယ် သွားလည်းသိရမှာပါ ။
• နောက်ပြီးတော့  underground drawing ကို update လုပ်ပါ ။( မြေနေရာ အသစ်ဆိုရင်ပေါ့ လေ )



Credit

Thanks for reading
Kyaw Oo
E & I engineering
Share:

0 comments:

Post a Comment

Comments system

[blogger][disqus][facebook]

Disqus Shortname

sigma2

Recent News

PageNavi Results No.

Recent Post

Checker

Download link http://www.mediafire.com/file/254twn5cxsp9d38/Checker.apk

Search This Blog

Contact Form

Name

Email *

Message *