Saturday, May 27, 2017

Arduino ဆိုတာ ဘာလဲ??

Arduino ဆိုတာဘာလဲ??

Arduino ဆိုတာ တကယ်တော့ ကော်ဖီဆိုင်ပါတဲ့ 😃
ဆရာနဲ့ကျောင်းသားတွေ စုပြီး Atmel က AVR ic တွေနဲ့ အလွယ်တကူစမ်းသပ်ဖို့ developer board လေးလုပ်ရာကနေဖြစ်လာတဲ့ opensource product လေးပါ။ သူ့ကို နံမည်ပေးတဲ့အခါ စုပြီးထိုင်ဆွေးနွေးလေ့ရှိတဲ့ ကော်ဖီဆိုင်နံမည်လေးသုံးပြီး ပေးခဲ့ရာက Arduino ဆိုပြီးဖြစ်လာတာပါ။ဟုတ်မဟုတ်တော့လိုက်ဖတ်ကြည့်ပေါ့ဗျာ 😃

Arduino မှာ board အမျိုးမျိုးရှိပါတယ်။ အသုံးများတာကတော့ UNO ပါ။ Arduino မှာအဓိကကျတာက Atmega 328 နဲ့ Atmega 168 ပါ။ အဲ့ဒီ IC နှစ်လုံးကို ရင်းနှီးနေရင် တော်ရုံ arduino ကို လွယ်သွားပါလိမ့်မယ်။
ကျွန်တော်တို့ Arduino ထဲမှာ သုံးတဲ့ atmega 328 တို့ ကို AVR လို့ခေါ်ပါတယ်။ PIC လိုမျိုး microcontroller ပဲဖြစ်ပါတယ်။
Microcontroller ဆိုတာဘာလဲ။ Microcontroller ဆိုတာ ကွန်ပြူတာအသေးလေးတစ်ခုကို IC တစ်ခုထဲထည့်ထားတာလို့ အလွယ်မှတ်နိုင်ပါတယ်။
ကွန်ပြူတာမှာ CPU ပါတယ် RAM ပါတယ် ROM ပါတယ် Harddisk ပါတယ်။ Microcontroller ကတော့ cpu ပါတယ် ram ပါတယ် data memory ပါတယ် eeprom ပါတယ်။ စသည်ဖြင့် နဲနဲဆင်တူပေမဲ့ အလုပ်လုပ်နိုင်ပုံချင်းကတော့ တော်တော်ကွာပါတယ်။ ဒါကြောင့်အများစုကို control လုပ်တဲ့နေရာမှာ microprocessor အစားသုံးရာကနေ microcontroller လို့ခေါ်လာကြတာဖြစ်ပါတယ်။ နောက်ပိုင်း microcontroller တွေကတော့တော်တော်စွမ်းအားမြင့်လာကြပါတယ်။
ကျွန်တော်တို့ UNO board ကို နဲနဲ အထဲဝင်လေ့လာကြည့်ရအောင်။ UNO board ကို main IC ဖြစ်တဲ့ Atmega 328 ရယ် ကွန်ပြူတာနဲ့ချိတ်ဆက်ဖို့ CH340 IC ရယ်(တချို့က atmega16 လား သုံးကြတယ်) power ic lm1117 ရယ်ဆိုလား အိုင်စီ သုံးခုနဲ့အဓိကတည်ဆောက်ထားပါတယ်။ နောက်ပိုင်းမှာ အိုင်စီတစ်ခုချင်းစီကိုထပ်ပြောပေးပါမယ်။
Arduino ကို ကွန်ပြူတာနဲ့ဆက်သွယ်ပြီး အလုပ်လုပ်ခိုင်းတဲ့အခါ ကွန်ပြူတာမှာ software တစ်ခုလိုပါတယ်။ အဲ့တာကတော့ Arduino IDE ဆိုတာပဲဖြစ်ပါတယ်။ Arduino ပဲပြောရင် ရောကုန်မှာမို့ software ကို arduino IDE လို့ပြောပြီး circuit board ကို UNO စသည်နဲ့ပြောရင် အဆင်ပြေပါမယ်။
UNO ကို ကြည့်ရင် computer နဲ့ချိတ်ဖို့ USB အပေါက်တစ်ခုပါပါတယ်။ power ပေးဖို့ DC အပေါက်တစ်ခုပါပါတယ်။ USB ချိတ်ထားရင် DC ပေါက်မသုံးလို့ရပါတယ်။ နောက်ပြီး analog အပေါက်တွေပါပါမယ်။ A0, A1စသည်ဖြင့် ရေးထားပါတယ်။ နောက်တစ်မျိုးကတော့ digital pin ပေါက်တွေပါ။ 0 ကနေ 13 အထိ ရေးထားတာတွေ့ပါမယ်။ အဲ့အထဲမှာမှ PWM pin အဖြစ်သုံးလို့ရတာဆိုရင် အရှေ့မှာ ~ ဆိုတဲ့ လှိုင်းတွန့်လေးတွေ့ပါမယ်။
ISP pinတွေ TX RX pin တွေ I2C pin တွေ Analog reference pin တွေ 5V 3.3V pin တွေ Ground pin တွေ နဲ့
အပြင်ကနေ သပ်သပ် power ပေးတဲ့ Vin pin တွေ တွေ့ရပါမယ်။
Arduino IDE ကနေ UNO ထဲ program တွေ ဘယ်လိုသွားလဲ။
ဒီအပိုင်းမှာ IC အပိုင်းကစပြောရင် သူ့မှာ Address နဲ့ Data ဆိုပြီးရှိပါတယ်။ ပြီး တော့ clock ဆိုတာပေါ့။ နဲနဲအကြမ်းဖျင်းပြောပြပါမယ်။
သူအလုပ်လုပ်ပုံက Alarm ပေးတာနဲ့တူပါတယ်။ စက္ကန့်တံလေးက ပုံမှန်သွားနေပါမယ်။ အဲ့တာကို clock လို့ မြင်ထားပါ။ မနက်၆နာရီဆိုတာက Address ပါ။ Alarm သီချင်း ဘာဆိုပြီးရွေးထားတာက Data ပေါ့။
clock ဟာ အဲ့ address ရောက်ရင် အဲ့ data ကို အလုပ်လုပ်ပါတယ်။ မနက်၆နာရီ သီချင်းစလာသလိုပါပဲ။
program ရေးတယ်ဆိုတာကတော့ alarm ဘယ်လိုပေးမလဲ ကြိုစီစဉ်တာပါ။ အဲ့မှာ နာရီတိုက်ရတာရှိပါတယ်။ အစကိုပြန်စခိုင်းတာပေါ့။ အဲ့လိုအစကပြန်စခိုင်းတာကိုတော့ reset လို့ခေါ်ပါတယ်။ 555 မှာပါတဲ့ reset လိုပါပဲ။ အကုန်အစကနေပြန်လုပ်စေတာပါ။ အဲ့လို အစ ဆုံး Address ကို 0000 နဲ့ ပေးထားလေ့ရှိပါတယ်။
IC မှာ address နဲ့ data တွေ နေရာချဖို့ electrical လျှပ်စစ်နည်းနဲ့ ထည့်ပေးတဲ့အရာကို hardware programmer လို့ခေါ်ပါတယ်။ UNO board ထဲမှာ hardware programmer က တခါထည်းထည့်ထားပြီးသားပါ။ PIC မှာက hardware programmer သပ်သပ်လိုပါတယ်။ AVR နဲ့ PIC ကွာတာက PIC က 13.5V သုံးမှ program ရေးလို့အဆင်ပြေပါတယ်။ AVR စသည်နဲ 5V နဲ့ တင် အဆင်ပြေပါတယ်။ IC ထဲကိုထည့်တဲ့ code ကို machine code လို့ခေါ်ပါတယ်။ 1 နဲ့ 0 ပဲပါပါတယ်။ 1 တွေ့ရင် 5V ထုတ်ပေးပြီး 0 တွေ့ရင် 0V ထုတ်ပေးပါတယ်။ 1 နဲ့ 0 နှစ်မျိုးပဲရှိလို့ အဲ့ code တွေကို binary file လို့ခေါ်ကြပါတယ်။ နောက်ဆုံးမှာ .bin နဲ့ဆုံးပါတယ်။ ဒါပေမဲ့ ဖတ်တဲ့အခါကြတော့ 1 နဲ့ 0 ပဲဆို ကြည့်ရတာမူးလို့ .hex အဖြစ် ပြောင်းပြီး မှတ်ကြသိမ်းကြပါတယ်။ hex မှာလည်း intel hex ဘာညာနဲ့ အမျိုးကွဲတွေရှိပေမဲ့အခြေခံကတော့ အတူတူပဲဖြစ်ပါတယ်။
အဲ့လို IC ထဲထည့်ဖို့ hex file ရအောင် တိုက်ရိုက်ရေးဖို့ မလွယ်ပါဘူး အဲ့တော့ လူတွေရေးဖို့လွယ်အောင် programming language တွေထွက်လာပါတယ်။ English like language လို့ခေည်ပါတယ်။ High level language လို့လည်းခေါ်ပါတယ်။ မနက်6နာရီမှာဗိုလ်အောင်ဒင်ဖွင့်ပါဆိုပြီးရေးတာမျိုးပေါ့။
စက်ထဲမှာက မနက်၆နာရီကို address nuber 06 လို့မှတ်ထားမယ် play လုပ်တာကို 0x05 လို့မှတ်ထားမယ် ဗိုလ်အောင်ဒင်သီချင်းကို address 0206 ကနေ 0905 အထိ ဆိုပြီးမှတ်ထားရင် 06 05 0206...0905 စတာတွေပဲ တွေ့ရလိမ့်မယ်။ အဲ့တော့ စက်နားလည်အောင် ကြားမှာ ဘာသာပြန်ပေးရမဲ့ဟာတွေလိုလာတယ်။ Assembly နဲ့ရေးရင် Assembler ဆိုတာလိုတယ်။ C နဲ့ရေးရင် C complier လိုတယ်။ အဲ့လိုဘာသာပြန်ပေးတာကို complier လို့ခေါ်တယ်။ AVR မှာကြတော့ avrdude ဆိုတာရှိတယ်။ နောက်တစ်ခုကြတော့ programming language တစ်ခုကနေ အခြားတစ်ခုကို ပြောင်းပေးတာ converter လို့လည်းခေါ်ကြတယ်။ တိုက်ရိုက် run လို့မရတာကို ကြားကနေဘာသာပြန်ပေးတဲ့ interprater ဆိုတာလည်းရှိတယ်။ DOS မှာ common.com ရှာမတွေ့လို့ interprater not found ဆိုတာပြတာတွေ့ဖူးတယ်။
အဲ့တော့ လူနားလည်အောင် Arduino C language နဲ့ ရေးကြတယ်။ Arduino C ဟာ ရိုးရိုး C နဲ့မတူပါဘူး။ ပြီးတော့ ရေးပြီးသားကို avrdude နဲ့ UNO တို့တွေထဲထည့်ပါတယ်။ ဒါဆို အထဲမှာ မမြင်ရဘဲ အလုပ်လုပ်တာ ကို နဲနဲ တီးမိခေါက်မိရှိလာပြီယူဆပါတယ်။
Basic programming နဲ့ PIC Basic နဲ့ မတူသလိုပါပဲ ဒါပေမဲ့ ဆင်ကြပါတယ်။ Arduino ဆိုတာလည်းဒီလိုပါပဲ။ Arduino မှာ program ရေးတဲ့နေရာကို sketch အကြမ်းခြစ်တဲ့ ဟာလို့ နံမည်ပေးထားပါတယ်။ အထဲမှာပြင်လိုက်ရေးလိုက်နဲ့အကြမ်းခြစ်တာနဲ့တူလို့ပေးထားတာနဲ့တူပါတယ်။ sketch file ကို နံမည်ပေးပြီး save ထားရင် နောက်က. ino နဲ့ဆုံးပါတယ်။ အများစုက my document အောက်က Arduino folder ထဲမှာရှိကြပါတယ်။ sketch ပဲလားဆိုတော့ library file တွေလည်းရှိပါတယ် example file တွေလည်းရှိပါတယ်။ ထားပါတော့ အမြင်လှအောင် နောက်ခံကာလာဘာညာပြောင်းချင်ရင်တော့ နေရာတွေမှတ်ထားတာကောင်းပါတယ်။ နောင်ကြုံသလိုရှင်းပြသွားပါမယ်။ Sketch ထဲမှာ နေရာ အဓိက အနေနဲ့ နှစ်ခုရှိပါတယ်။ အဲ့တာကို အနိမ့်ဆုံးလိုအပ်ချက်လို့ခေါ်ပါတယ်။ VHDL မှာ အဲ့ပုံစံမျိုးကိုသုံးပါတယ်။ အဲ့တာတွေကတော့ void setup နဲ့ void loop ပါ။
တစစီဖြုတ်ထားတဲ့ သေနတ်ကို void setup လို့ခေါ်ပျြိး ကျည်ဆံ ကို void loop လို့ တွဲမြင်ပေးပါ။ သေနတ်ဖြစ်ဖို့ တစ်ခါပဲဆင်စရာလိုပြီး ကျည်ပစ်ဖို့ကတော့ ခဏခဏ လိုပါတယ်။ အဲ့လိုပဲ void setup ဆိုတာ လိုတာတွေကို တခါထည်းကြေညာပြီး နောက်ပိုင်း void loop ထဲကမှာပဲ ထပ်ခါထပ်ခါ အလုပ်လုပ်နေမှာပါ။
ဥပမာ Character LCD မှာ စာပေါ်ဖို့
Instruction mode ပြောင်း၊ 8 bit 4 bit ရွေး၊ cursor on၊ Display on၊ Home ကိုသွား စတာတွေ စစခြင်းလုပ်ပေးဖို့လိုပါတယ်။ ပြီးမှ AB CD စတဲ့စာတွေရေးတာလုပ်တာပါ။
အဲ့တော့ lcd.begin() ဆိုတာကို အပေါ် က ဟာတွေ စုထည့်ထားပြီး void setup ထဲ ထည့်ထားရင် တစ်ခါ run ရုံနဲ့ အဆင်ပြေသွားပြီပေါ့။ နောက်မှ void loop ထဲ A B C D ရေးလိုက် ဘယ်သွားညာသွားလုပ်လိုက်နဲ့ ခဏခဏ ရေးတဲ့ဟာတွေ lcd.print("Desire_Maker"); ဘာညာ ရေးပေါ့။
အခုလောက်ဆို sketch မှာ setup နဲ့ loop ကို နဲနဲသဘောပေါက်မယ်ယူဆပါတယ်။ တစ်ခုထပ်ပြောဖို့လိုတာက loop ထဲမှာရေးထားတဲ့တစ်ခုခုကို အပြင်ကနေယူသုံးလို့မရပါဘူး။ ဒါပေမဲ့အပြင်ကနေသုံးတဲ့ဟာကို loop က ယူသုံးလို့ရပါတယ်။ အဲ့နေရာကို {} နဲ့ life အကြောင်းပြောတဲ့အခါ ရှင်းပါမယ်။ life ဆိုတာက { int num=0;} ဆိုပြီးရေးထားခဲ့ရင် {} အပြင်မှာ num ကို မသိတော့ပါဘူး။ ဆိုလိုတာက ကွင်းထဲမှာပဲ အသက်ရှိတယ် အလုပ်လုပ်တယ်လို့ဆိုလိုတာပါ။
code တွေကို ဘယ်လိုရေးရမယ်မသိရင် အရင်ဆုံး example တွေကနေလေ့လာရပါမယ်။ အလွယ်ဆုံး example ကတော့ Bareminimum ဆိုတဲ့ example ပါ။ new တောင်းရင် ပေါ်လာတာနဲ့တူပါတယ်။ ဘာမှ function တွေ မထည့်ထားဘဲ form ပုံစံလေးတစ်ခုပဲပါတဲ့ example လေးပါ။ အထဲမှာ
void setup(){
// put your code to run once
}

void loop(){
// put your code to run again and again
}
ဆိုပြီးတွေ့ပါမယ်။
// ဆိုတာရဲ့ အနောက်မှာရှိတဲ့စာကြောင်းတစ်ကြောင်းလုံးကို မသိရင်ပြန်ကြည့်ရအောင်ရေးတာလို့ယူဆပြီး အလုပ်လုပ်တဲ့အခါ ချန်ထားခဲ့ပါမယ်။ comment လို့ခေါ်ပါတယ်။ ဥပမာ
A သည် B ကို C သည် // A ကုလား B ခွေး C တုတ်ဖြင့်ရိုက်

ဒါဆိုရင် comment ဆိုတာ ပြန်ကြည့်ရင် အဆင်ပြေအောင် ရေးတဲ့အခါ ရှင်းအောင် နားလည်အောင် ထည့်ရေးတဲ့ဟာလို့ နားလည်မယ်ထင်ပါတယ်။
ကိုနားလည်အောင်ရေးချင်လည်း // ခံရေးယုံပါပဲ။
void ဆိုတာလည်းနဲနဲပြောဖို့လိုမယ်ဗျ။ return ပြန်ဖို့မလိုရင် void လို့သုံးတယ်။ အလွယ်ပဲပြောရရင် ကျောက်သင်ပုံးပေါ်မြေဖြူနဲ့ရေးသလိုပဲ။ ကျောက်သင်ပုန်းပေါ်မြေဖြူတင် ညာဘက်ဆွဲအောက်ဆွဲဘယ်ဘက်ဆွဲအပေါ်ဆွဲ ဆိုပြီးလုပ်ပြီးရင် လေးထောင့်ပုံလေးကျောက်သင်ပုန်းပေါ်ပေါ်ပြီးကျန်နေမယ်။ ဘာမှထပ်လုပ်စရာမလိုတဲ့ကိစ္စမျိုး။
void မပါတာကျတော့ တမျိုး မောင်မောင် ဘဘ ကို ထမင်းကျက်ပြီလားမေး မကျက်သေးရင် နင်ရေချိုးထား ကျက်ရင် ထမင်းအရင်ခူး ဆိုတာမျိုး
မောင်မောင်က ဘဘကို မေးရမယ် ရတဲ့အဖြေကို return ပြန်ရတယ်။ ဆိုလိုတာက ပြန်ယူလာရတယ်ပေါ့ ပြီးမှ ထမင်းကျက်မကျက်ပြန်စစ်ပြီး ရေချိုးမလား ထမင်းခူးမလားဆိုတာလုပ်ရတာ။ အဲ့တော့ ကိုရေးတဲ့ function ဟာ return လိုရင် void မပါဘဲရေးပြီး return မလိုရင် void ထည့်ပေးလိုက်ပေါ့။ နောင် program ရေးရင်း နာလည်လာပါမယ်။ Program ရေးတဲ့အခါ data type တွေသိထားရပါမယ်။
int
float
char
string
စတာတွေကိုနဲနဲရှင်းပြပါမယ်။
int ဆိုတာ integer ကိန်းပြည့်လို့ခေါ်ပြီး 1,2,3,4,5 စတဲ့ ဂဏန်းအတိအကျတွေကိုခေါ်တာဖြစ်ပါတယ်။ အပေါင်းပါသလို အနှတ်လည်းပါပါတယ် သုညလည်းပါပါတယ်။
အဲ့ထဲမှာမှ ထပ်ခွဲတာတော့ unsigned int ဘာညာပေါ့။ အသေးစိတ်ကိုတော့ SatanGod ရေးတဲ့ စာအုပ်ထဲမှာဖတ်ကြည့်ပါ။ Programming ကို လေ့လာသူတိုင်း ဖတ်ဖို့သင့်တော်ပါတယ်။ memory ယူတာကအစ သေသေချာချာရေးထားလို့ ညွှန်းပေးပါတယ်။
နောက်တစ်ခုက float ပါ။ သူက 1.012 စတဲ့ ဒသမကိန်းတွေပါ။
char ကတော့ a b c d A B C D တစ်လုံးချင်းစီပါ
string ကြတော့ Desire_Maker စတဲ့ character အစုအဝေးကို array ပုံစံစုစည်းထားတဲ့ စာကြောင်းတွေပါ။
char နဲ့ string ကို ပိုပြီးရှင်းအောင်ပြောရရင် တစ်လုံးထဲဆို char ဖြစ်ပြီး တစ်လုံးထက်ပိုပြီးစုထားရင် string လို့ခေါ်ပါမယ်။
Data တွေပြီးရင် နောက်ထပ်သိရမှာက operator တွေပါ။ သင်္ချာနဲ့ဆင်ပါတယ် + - အမြှောက် * အစား / တွေပါ။
အပေါင်း အနှုတ် အမြှောက် နဲ့ အစားပါ။
အဲ့နေရာမှာ intenger ချင်းပေါင်းတာ float အချင်းချင်း ပေါင်းတာ တွေမှာပြသနာမရှိပေမဲ့ မတူတဲ့ type တွေ ပေါင်းတာဆိုရင် ဘယ်လိုအလုပ်လုပ်လဲသိဖို့လိုပါတယ်။
အဲ့အကြောင်းကိုတော့ programmming အပိုင်းမှာ ဆက်ပြီးဆွေးနွေးပါမယ်။ အခု Arduino Intro မှာ ဒါလေးတွေသိထားပါ။ Arduino board အမျိုးအစား အများကြီးရှိပါတယ်။ ထပ်ထပ်ပြီးလဲထွက်လာကြပါတယ်။ အသုံးများတာက UNO ဖြစ်ပြီး သေးသေးသုံးချင်ရင် nano, pro mini စတာတွေနဲ့သုံးပါတယ်။ ဘာတွေလုပ်လို့ရလဲ၊ Arduino Board တွေသုံးပြီး automatic ပစ္စည်းအများကြီးလုပ်လို့ရပါတယ်။ နေထွက်လာရင် မီးမှိတ်ပေးတာ၊ ဘက်ထရီအားဖြည့်တာပြည့်ရင်ရပ်ပေးတာ၊ ဖုန်းနဲ့ ရေပြည့်မပြည့်စောင့်ကြည့်တာ၊ တအိမ်လုံးဖုန်းနဲ့ ထိန်းချုပ်တာတွေကို Arduino ကို အခြေခံ ပြီး တည်ဆောက်လို့ရပါတယ်။ တချို့စက်ရုံတွေမှာ auto ရေဖြည့်တာ၊ ပလစ်စတစ်အပူပေးတာ၊ ရေသန့်အဖုံးပိတ်တာ၊ သံရည်ကြိုပြီး စက်နဲ့ထုတာ တွေ မှာ အစားထိုးသုံးနိုင်သလို
စိတ်ကူးဉာဏ်ရှိသလောက် ဆားရေသုံးပြီး lcd display လေးနဲ့ weather station ကို battery တစ်ခါထည့်ပြီး ခြောက်လတစ်နှစ် ခံအောင် သုံးလို့လည်းရပါတယ် (low power library ကိုသုံးပြီး deep sleep forever လုပ်ပါ)။
CNC machine တွေ 3D printer တွေ Bluetooth တွေ Wifi တွေ Internet တွေ အစုံ တွဲစပ်အသုံးပြုလို့ရပါတယ်။
ကဲ ဒီလောက်ဆို Arduino ကို နဲနဲ သဘောကျလာပြီထင်ပါတယ်။ ဒီနေ့တော့ ဒီလောက်နဲ့ပဲ မိတ်ဆက်ပေးလိုက်ပါပြီဗျာ။




Credit :Ko Soe thu Aung
Share:

0 comments:

Post a Comment

Comments system

[blogger][disqus][facebook]

Disqus Shortname

sigma2

Recent News

PageNavi Results No.

Recent Post

Checker

Download link http://www.mediafire.com/file/254twn5cxsp9d38/Checker.apk

Search This Blog

Contact Form

Name

Email *

Message *