Tuesday, May 23, 2017

Digital Electronic (Registers and Flip Flop) အကြောင်း(အပိုင်း ၂)

Digital Electronic (Registers and Flip Flop) အကြောင်း(အပိုင်း ၂)

၁။ အပိုင်း (၁) မှာ တုန်းက Shift Left Register အကြောင်းရေးခဲ့ပါတယ်။ အခု အောက်မှာ ဖော်ပြထားတဲ့ ပထမပုံကတော့ Shift Right Register ပဲဖြစ်ပါတယ်။ Shift Right Register လုပ်ဆောင်ပုံကတော့ Shift Left Register နဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ Clock Signal တစ်ခု ပေးလို့ Data တွေ တဆင့်ပြီးတဆင့် ပြောင်းလဲ သွားပုံကတော့ အတူတူပဲဖြစ်ပါတယ်။

၂။နောက်တစ်ချက်အနေနဲ့ Data တွေ တစ်နေရာကနေ နောက်တစ်နေရာကို သွားတဲ့ အခါမှာ ဘယ်လိုပုံစံနဲ့သွားသလဲ ဆိုတာပါ။ အပိုင်း (၁) မှာတုန်းက Data In ကနေ Data Out ဆီကို Data တွေ သွားတဲ့အခါမှာ Serial နည်းအရ သွားခြင်းဖြစ်ပါတယ်။ Serial နည်းအရဆိုတာ လမ်းကြောင်းတစ်ခုတည်းကနေ Data တွေကို တစ်ခုပြီးတစ်ခု သွားခြင်းဖြစ်ပါတယ်။ ပထမဦးဆုံး Input အနေနဲ့ ၀င်ရောက် သွားတဲ့ Data ဟာ Output ဘက်မှာလည်း ပထမဦးဆုံး အနေနဲ့ ထွက်ရှိသွားပါတယ်။(First In , First Out)ပါ။
၃။အဆိုပါ Data တွေ တစ်နေရာကနေ နောက်တစ်နေရာကို သွားတဲ့ နေရာမှာ Serial Data အနေနဲ့ သွားမလား ။ Parallel Data အနေနဲ့ သွားမလား ဆိုတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ တစ်ခါတစ်လေမှာ Input ကို Serial Data အနေနဲ့ အသုံးပြုပြီးတော့ Output ကို Parallel Data အနေနဲ့ အသုံးပြုတဲ့ နေရာတွေလည်း ရှိပါတယ်။ အမျိုးအစားတွေ အနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
 (၁) Serial In , Serial Out Shift Register
 (၂) Parallel In , Serial Out Shift Register
 (၃) Serial In , Parallel Out Shift Register
 (၄) Parallel In , Parallel Out Shift Register
 (၅) Parallel In , Parallel Out Bi-Directional Shift Register
အဆိုပါ Serial and Parallel အနေနဲ့ သွားတဲ့ Shift Register တွေ အကြောင်းကို အလျဉ်းသင့်ရင် ခေါင်းစဉ်တစ်ခု အနေနဲ့ ရေးပါအုံးမယ်။

၎။ အဆိုပါ ပထမ ပုံကတော့ D – Type Flip Flop အမျိုးအစားနဲ့ Shift ပြုလုပ်ပေးတဲ့ Register ပါ။ နောက်ထပ် Flip Flop အမျိုးအစား တစ်မျိုးကတော့ J-K Flip Flop အမျိုးအစားပဲဖြစ်ပါတယ်။ ဒုတိယ ပုံမှာ အဆင့် ၄ ဆင့် ရှိတဲ့ J-K Flip Flop အမျိုးအစားကို ဖော်ပြထားပါတယ်။ အဆိုပါ ပုံမှာ ပြထားတဲ့ Flip Flop အမျိုးအစားကလည်း Shift Left Register အနေနဲ့ အလုပ်လုပ်ဆောင်တဲ့ J-K Flip Flop ပဲဖြစ်ပါတယ်။

၅။J-K Flip Flop မှာ Data Input အနေနဲ့ J နှင့် K Pin တွေကနေ ပေးသွင်းခြင်းဖြစ်ပါတယ်။ ဒုတိယ ပုံမှာ J ကနေ ပေးသွင်းတဲ့ X ဆိုတဲ့ Data Input အမည်နဲ့ K ကနေ ပေးသွင်းမယ့် Ẍ ဆိုတဲ့ Data Input အမည်တွေ ရှိပါတယ်။ Ẍ ဆိုတာကလည်း X ကို Inverter ခံပြီးတော့ လုပ်ဆောင်ထားတဲ့ အရာသာ ဖြစ်ပါတယ်။ D- Type Flip Flop တုန်းက ပုံစံလိုပဲ ယခု J-K Flip Flop မှာလည်း Output ကို Q Output တွေကနေ ထုတ်ပေးပါတယ်။ Output ကလည်း ၂ ခု ဖြစ်ပါတယ်။

၆။ ပထမ အဆင့်ရဲ့ Output ဟာ ဒုတိယ အဆင့်ရဲ့ Input ပဲဖြစ်ပါတယ်။ Stage A ရဲ့ Output ဟာ Stage B ရဲ့ Input ပဲဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Timing Signal ဖြစ်တဲ့ Clock Signal တွေကို Stage တိုင်းမှာ ရှိတဲ့ T ဆိုတဲ့ Pin ကနေ ပေးသွင်းခြင်းဖြစ်ပါတယ်။ အဆိုပါ Clock Signal ကို လည်း အဆင့်တိုင်းကို တပြိုင်နက်တည်း ပေးသွင်းပေးခြင်းပဲဖြစ်ပါတယ်။

၇။ပထမဦးဆုံး Clock Pulse တစ်ခု လက်ခံရရှိရင် Stage A က Data ဟာ Stage B ကို ရွေ့ပြောင်းသွားပါတယ်။ အဲသလိုပဲ Clock Pulse တစ်ခု ရရှိတဲ့ အချိန်တိုင်းမှာ Stage တစ်ခုကနေ နောက်တစ်ခုကို တဆင့်ချင်း တဆင့်ချင်း Data တွေ ပြောင်းလဲ ပေးသွားခြင်းအားဖြင့် Shift Register လုပ်ဆောင်ချက်ကို ဆောင်ရွက်သွားခြင်းပဲဖြစ်ပါတယ်။

၈။ D Type Flip Flop နဲ့ မတူညီတဲ့ အချက်ကတော့ Stage ၄ ခု ရှိတဲ့ နေရာမှာ နောက်ဆုံး Fourth Clock Pulse (လေးခုမြောက် Clock Pulse ) ရရှိပြီးမှသာလျင် နောက်ဆုံး Output ကို ရရှိစေခြင်းပဲဖြစ်ပါတယ်။ ဒုတိယ ပုံကလည်း J-K Flip Flop ကို အသုံးပြုထားသော  Shift Left Register အမျိုးအစားဖြစ်ပါတယ်။ Data ဟာ ညာဘက်ကနေ ဘယ်ဘက်ကို သွားခြင်းဖြစ်ပါတယ်။

၉။ တတိယ ပုံကတော့ J-K Flip Flop ကို အသုံးပြုထားသော  Shift Right Register အမျိုးအစားဖြစ်ပါတယ်။ Data ဟာ ဘယ်ဘက်ကနေ ညာဘက်ကို သွားခြင်းဖြစ်ပါတယ်။

Credit:

ကိုမျိုး (အီလက်ထရောနစ်)
Share:

Digital Electronic (Registers) အကြောင်း(အပိုင်း ၁)

Digital Electronic (Registers) အကြောင်း(အပိုင်း ၁)

၁။ Register ဆိုတာ Digital Electronic နှင့် ပတ်သက်တဲ့ Circuit တွေ အပိုင်းမှာလည်း အရေးပါတဲ့ အရာဖြစ်ပါတယ်။ Register တွေကို Binary Data တွေ အဆင့်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲတဲ့နေရာမှာ ခဏတာ Storage အနေနဲ့ အသုံးပြုခြင်းဖြစ်ပါတယ်။ အထူးသဖြင့် Encode နှင့် Decode ပြုလုပ်တဲ့နေရာမှာ Temporary Storage အနေနဲ့ အသုံးပြုခြင်းဖြစ်ပါတယ်။

၂။ယခု ခေတ်ပေါ် Electronic Product တွေဟာ Digital Electronic နဲ့ ပတ်သက်လို့ လွတ်ကင်းတာ မရှိကြပါဘူး။ Register တွေကို Flip Flop တွေနဲ့ တည်ဆောက်ထားပါတယ်။ Binary Information တွေအများကြီးကို လုပ်ဆောင်စေနိုင်တဲ့ အချက်ပေါ်မူတည်ပြီးတော့ Flip Flop အရေအတွက် များစွာနဲ့ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ Flip Flop တစ်ခုချင်းစီဟာ Binary Information တစ်ခုချင်းစီကို Store ပြုလုပ်ထားနိုင်ပါတယ်။

၃။Register တွေဟာ Data တွေကို တစ်နေရာကနေ နောက်တစ်နေရာကို ရွေ့ပြောင်းတဲ့နေရာမှာ Flip Flop တွေကို အသုံးပြုတယ်ဆိုတာ ရေးခဲ့ပါတယ်။ အဲသလို Flip Flop တွေကို အသုံးပြုပြီးတော့ Data တွေကို ရွေ့ပြောင်းခြင်းကို Shift Register လို့ခေါ်ဆိုနိုင်ပါတယ်။

၎။Data တွေ တနေရာကနေ နောက်တစ်နေရာရွေ့ရာမှာ Data ပမာဏ များရင် Flip Flop အရေအတွက်ပိုများမှာပဲဖြစ်ပါတယ်။ Data တွေဟာ ညာဘက်ကနေ ဘယ်ဘက်ကို ရွေ့ပြောင်းခြင်းကို Shift Left Register လို့ခေါ်ဆိုနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ပထမဦးဆုံး ပုံကို လေ့လာနိုင်ပါတယ်။ အဆိုပါ ပုံမှာ Flip Flop အနေနဲ့ D အမျိုးအစား Flip Flop (D Type Flip Flop) ကို အသုံးပြုထားပါတယ်။

၅။နောက်တစ်ချက်အနေနဲ့ Flip Flop တွေကို အသုံးပြုပြီးတော့ Data တွေကို ရွေ့တဲ့ေ နရာမှာ Timing တစ်ခု လိုပါတယ်။ အဆိုပါ Timing တစ်ခုနဲ့ အလုပ်လုပ်ဆောင်မှသာလျင် Data တွေဟာ Flip Flop အဆင့် တစ်ခုကနေ နောက်တစ်ခုကို သတ်မှတ်ထားတဲ့ အတိုင်း အဆင်ပြေပြေနဲ့ ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ အဆိုပါ Timing ကို Clock Signal လို့ခေါ်ပါတယ်။

၆။ A , B , C , D ဆိုတဲ့ အဆင့် ၄ ဆင့်မှာ အဆင့် တစ်ခုစီမှာ Data Input အနေနဲ့ D ကနေ ၀င်ပါမယ်။ ပြီးရင် Q ကနေ ထွက်ပါမယ်။ ပထမအဆင့်ရဲ့ Q ကနေ ဒုတိယ Flip Flop ရဲ့ D ကို ပြန်ဝင်မှာပဲဖြစ်ပါတယ်။ အောက်ကပုံမှာ လေ့လာနိုင်ပါတယ်။ အဆိုပါ လုပ်ဆောင်ချက်ဟာ D-Type Flip Flop တွေရဲ့ လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။

၇။ယခု ပထမ ပုံမှာ ဖော်ပြထားတဲ့ D-Type Flip Flop မှာ အဆင့် ၄ ဆင့်ပါဝင်ပါတယ်။ A , B , C , D စသဖြင့်ပါ။ Din ဆိုတာ ပို့စေလိုတဲ့ Data ကို ဆိုလိုခြင်းဖြစ်ပါတယ်။အဲသလို ပို့တဲ့ နေရာမှာ ညာဘက်အစွန်ဆုံးက အဆင့် A ကို 1 ဆိုတာ ပထမဦးဆုံး ဖြစ်စေရပါတယ်။ အဲသလို ဖြစ်ဖို့ Timing Signal အနေနဲ့ Clock ကနေ Pulse တစ်ခု ပေးရပါတယ်။ ပထမဆုံးအနေနဲ့ အဆင့် ၄ ခု စလုံးရဲ့ Data တွေဟာ 0 တွေဖြစ်ပါတယ်။

 ပထမ ဦးဆုံး အနေနဲ့ Q= D C B A
 0 0 0 0



၈။ ညာဘက်ဆုံးမှာ ရှိတဲ့ အဆင့် A ကနေ ဒုတိယမြောက်ဖြစ်တဲ့ အဆင့် B ကို ပို့ရပါမယ်။ အဲသလို အဆင့် A ကနေ B ကို ပို့နိုင်ဖို့ရန် အတွက် Clock ဆိုတဲ့ Pin ကနေ Timing Signal တစ်ခု ပေးရပါတယ်။ အဲသလို Timing Signal တစ်ခု ပေးမှသာ အဆင့် A ကနေ အဆင့် B ကို 1 ဆိုတဲ့ Data တစ်ခု ရောက်ရှိမှာပဲဖြစ်ပါတယ်။အောက်မှာ အဆင့်တွေ တစ်ဆင့်ချင်းအလိုက် Timing Signal တွေပေးလိုက်ခြင်းအားဖြင့် Data တွေ တဆင့်ပြီး တဆင့် အဆင့်လိုက် နေရာဝင်ယူသွားတာကို လေ့လာနိုင်ပါတယ်။

 ဒုတိယ အနေနဲ့ Q= D C B A
         0 0 0 1

 တတိယ အနေနဲ့ Q= D C B A
 0 0 1 1

 နောက်တဆင့် အနေနဲ့ Q= D C B A
           0 1 1 1

 နောက်တဆင့် အနေနဲ့ Q= D C B A
           1 1 1 1

၉။ အထက်ပါ လုပ်ဆောင်ချက်မှာ ညာဘက်ကနေ ဘယ်ဘက်ကို Data တွေ တဆင့်ချင်းအလိုက် ရွေ့ပြောင်းသွားလို့ (Shift Left Register)လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Data တွေဟာ တစ်ခုပြီးမှ နောက်တစ်ခုကို အဆင့်လိုက် သွားတဲ့အတွက် Serial Data လို့ ခေါ်ဆိုနိုင်ပါတယ်။

၁၀။ အနှစ်ချုပ်အနေနဲ့ Q= D C B A ဆိုတဲ့ Sequence အရနဲ့ ကြည့်မယ် ဆိုရင် အဆင့်လိုက်အနေနဲ့ Clock Signal တစ်ခုပြီးတစ်ခု ပေးမယ်ဆိုရင် အောက်ပါ အတိုင်း ရရှိမှာပဲဖြစ်ပါတယ်။
Q=0000
 Q=0001
 Q=0011
Q=0111
Q=1111

၁၁။ နောက်ရက်တွေမှာ အခြားသော Register တွေ အကြောင်းနဲ့ Flip Flop အကြောင်း ထပ်ရေးပါအုံးမယ်။

Credit:

ကိုမျိုး (အီလက်ထရောနစ်)
Share:

y520-u22 touch way


data တစ်လိုင်း
volt တစ်လိုင်း
ground တစ်လိုင်း
2.8
1.8




ကျော်ဇင်ကို(ဥက္ကံသားလေးနည်းပညာ)

Share:

730-u00 touch error

သိသူကျော်သွားပါမသိတဲ့သူsave ထားလိုက်ပါ။
730-u00 ရေဝင် touch မရဆိုင်ပြန်အလုံးလေးပါ။
Touch connector မာဆို
SDA ,SDL ,VDD 1.8,VDD 2.8 vရယ် နောက် ground ရယ် ပေါ့
အဲ့ပို့တေ စုံလားတိုင်းကြည့်တယ် ကျန်တာတေပြည့်စုံတယ် 2.8ပျောက်နေတယ်
2.8ဘာကြောင့်ပျောက်တာလဲဆိုတော့ Touch connector နားက2.8 filter C လေးကရေစိုပီး ဆားပွင့်သွားတယ် ကောင်းတာလဲမယ်ပေါ့ ဖြုတ် လိုက်တာ အထိုင်ကကျွတ်နေတယ်  ဘယ်လိုလုပ်ရမှန်းမသိပေါ့ အဲဒါနဲ့730အလုံးကောင်းထဲက နေ မီတာနဲ့ways လိုက်တယ် 2.8လမ်းကြောင်းလေ တွေ့သွားတယ်။ ဒါပေမယ့် 2.8 ဘယ်ကယူရမှန်းမသိဖြစ်နေ တယ် ။အဲဒါနဲ့လိုက်ရှာကြည့်တော့ rotation ic နားက c လေးမာတွေ့တယ် သူကလဲ VDD 2.8 လမ်းကြောင်းပဲလေ အဲဒီကယူပီး ဆက်ပေးလိုက်တယ်ရသွားကော
အဓိက Data ရယ် Volt ရယ် Ground ရယ် ပါပဲ





ကျော်ဇင်ကို(ဥက္ကံသားလေးနည်းပညာ)
Share:

Huawei G730-U00 power supply နဲ့ဖွင့်ရင်ပွင့်တယ် battery နဲ့ဖွင့်ရင် power ပွင့်တဲ့အခါပွင့်တယ် မပွင့်တဲ့အခါ

Huawei G730-U00  power supply နဲ့ဖွင့်ရင်ပွင့်တယ်
battery နဲ့ဖွင့်ရင် power ပွင့်တဲ့အခါပွင့်တယ် မပွင့်တဲ့အခါ မပွင့်ဘူး
နောက်ဆုံး အဖြေက FET မှာသွားတွေ့ပါတယ် FET လဲလိုက်တာ အဆင်ပြေသွားတယ် FET ပျက်တယ်ဆိုရင် power supply နဲ့ဖွင့်တဲ့အခါ ကျတော့ ဘာလို့ power ပွင့်ရသလဲပေါ့ စဉ်းစားမိပါတယ်..
♦️Huawei model အများစုမှာ FET ရဲ့ Drain ငုတ်ကို battery V+ ငုတ်နဲ့တိုက်ရိုက်ချိတ်ဆက်ထားပါတယ် source ငုတ်က power ic နဲ့ ချိတ်ဆက်ထားပါတယ် အဲ့ဒီတော့ Drain ကို 4.2 volt ပေးသွင်းလိုက်မယ်ဆိုရင် Drain နဲ့ source ကြားမှာ diode တစ်လုံးရှိတဲ့ အတွက်ကြောင့် Drain မှာ 4.2 volt ရှိရင် source ငုတ်မှာ 3.8 volt ဝန်းကျင်ရှိနေပါတယ် Gate ငုတ်ကတော့ power key မနှိပ်ခင်မှာ drain မှာရှိတဲ့ volt အတိုင်းရှိနေမှာပါ power key နှိပ်လိုက်မှ power ic ကနေ FET ရဲ့ Gate ဖွင့်ဖို့ အတွက် လိုအပ်တဲ့ (p-channelဆိုလျှင်) အနှုတ် -Volt ထုတ်ပေးမှသာလျှင် Gate ငုတ်မှာ 0volt အဖြစ်ပြောင်းသွားပြီး FET gate ပွင့်မယ် Drain နဲ့ Source ပူးသွားမယ် power ပွင့်မယ် ဒီလိုမဟုတ်လားဗျ
♦️ စဉ်းစားစရာတစ်ခုက FET gate ပိတ်နေရင်ရော power key နှိပ်လိုက်ရင် power မပွင့်တော့ဘူးလား
FET ရဲ့ Gate ငုတ်ကို လွှတ်ထားမယ် တပ်မထားဘူးဗျာ power ပွင့်ပါ့မလား
ပွင့်ပါတယ် ဘာလို့ပွင့်တာလဲဆိုတော့ ခုနက ပြောသလို drain မှာ 4.2 volt ကျွေးရင် source မှာ 3.8 ရှိနေလို့ပါ အဲ့ 3.8 volt နဲ့ တင် phone power ဖွင့်ဖို့ လုံလောက်ပါတယ် gate ပွင့်မှ source လမ်းကြောင်းကို ရောက်လာမယ့် drain က 4.2 volt မရလဲ ကိစ္စမရှိသေးပါဘူး ဘာလို့လဲဆိုတော့ 3.8 volt က phone power ပွင့်ဖို့ လုံလောက်လို့ပေါ့ အဲ့ဒီမှာ အခုဖြစ်နေတဲ့ ပြသာနာက စလာပါပြီ power supply နဲ့ ဖွင့်ရင်ဘာလို့ power ပွင့်သလဲ supply က ပေးသွင်းvolt 4.2 volt ထုတ်ပေးတဲ့အတွက် drain မှာ 4.2 ရောက်မယ် source မှာ 3.8 volt ရောက်မယ် 3.8 volt နဲ့ phone power ပွင့်နိုင်ပါတယ်
Battery နဲ့ ဖွင့်တော့ ဘာလို့ power မပွင့်ရသလဲ Battery မှာ 4.2volt အပြည့်ရှိနေတဲ့ battery နဲ့ဖွင့်ရင်တော့ ပွင့်မှာပေါ့ drain မှာ 4.2 source မှာ 3.8
♦️3.8 volt ပဲရှိနေတဲ့ battery တစ်လုံးဟာ ပုံမှန် FET Gate အဖွင့်အပိတ်ကောင်းနေတဲ့ phone တစ်လုံးမှာ ကောင်းမွန်စွာ power ပွင့်နိုင်ပေမယ့် , Gate အဖွင့်အပိတ်မလုပ်ပေးနိုင်တဲ့ FET ကိုတပ်ဆင်ထားရင်ပဲ ဖြစ်ဖြစ် power ic ကနေ gate ကို switch အဖွင့်အပိတ် လုပ်မပေးနိုင်တော့ရင်ပဲဖြစ်ဖြစ် phone ကpower မပွင့်နိုင်ပါဘူး ဘာလို့လဲဆိုတော့ battery ကနေ Drain ကို ပေးသွင်းနိုင်တာကိုက 3.8 volt ပဲပေးနိုင်တော့တယ် Drain နဲ့ source ကြားက diode တစ်လုံးကြောင့် source မှာ 3.4 volt ပဲ ရှိတော့မယ် 3.4volt နဲ့ phone power မပွင့်နိုင်တဲ့ အတွက်ကြောင့် Battery အားအနည်းငယ်လျော့တာနဲ့ power မပွင့်ပါဘူး 4.2 volt ထုတ်ပေးဖို့ ချိန်ထားတဲ့ power supply နဲ့ကျတော့ ကောင်းကောင်းမွန်မွန် power ပွင့်ပါတယ်

Credit
ဆရာဇော် (zawmobile training & Services)

Share:

Meanings of SMT

Meanings of SMT
diagram ထဲက SMT အားလုံးရဲ့ အဓိပ္ပါယ်ကိုရှင်းပြထားတာတဲ့pdf လေးပါ။
ဆရာကိုစိုးမြတ်သူဆီက ပြန်shareထားတာပါ။
https://my.pcloud.com/publink/show?code=XZN7nYZsjUgz4vlEwmV8ODvIX9d5pzwp9SX

Share:

Monday, May 22, 2017

Charger (သို့မဟုတ်) အခြားသော Device မှ Battery သို့ အားသွင်းခြင်း နှင့် Battery မှ Load သို့ အားများ သုံးစွဲခြင်း အကြောင်း


Charger (သို့မဟုတ်) အခြားသော Device မှ Battery သို့ အားသွင်းခြင်း နှင့် Battery မှ Load သို့ အားများ သုံးစွဲခြင်း အကြောင်း

၁။ Charger ဆိုတာ Battery ကို အားသွင်းတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အားသွင်းခြင်း ဆိုတာမှာ Battery တစ်လုံးကို သတ်မှတ်ထားတဲ့ Voltage တန်ဖိုး ရောက်အောင် အခြားသော အစိတ်အပိုင်းတစ်ခုကနေ အားသွင်းခြင်းဖြစ်ပါတယ်။ အဲသလို သတ်မှတ်တဲ့ Voltage တန်ဖိုး တခုရောက်အောင် အဆိုပါ Battery ဆီကို Current တွေ စီးဆင်းသွားပေးရပါတယ်။

၂။ နောက်ဆုံး Charger ဆိုတာ AC ကနေ DC သို့ပြောင်းပေးပြီးတော့ ထွက်လာတဲ့ DC ကနေ Battery ဆီသို့ အားသွင်းခြင်းလို့ ဆိုလိုနိုင်မယ် ထင်ပါတယ်။ Charger တစ်လုံးရဲ့ အခြေခံ အကျဆုံးသော လုပ်ဆောင်ချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

၃။ နောက်ထပ်အနေနဲ့ Charger ကနေ တဆင့် Battery ကို အားသွင်းခြင်း မဟုတ်ပဲ ကျန်တဲ့ နည်းလမ်းတွေကနေ တဆင့် Battery ကို အားသွင်းလို့ မရဘူးလား ????? ရပါတယ်။ ဥပမာ Solar ကနေ တင်ဆင့် Battery ဆီကို တိုက်ရိုက် အားသွင်းတာ လိုမျိုးပေါ့။ ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် Battery တစ်လုံး အားပြည့်ဖို့ဆိုတာကတော့ ၄င်း Battery ထဲကို သတ်မှတ်ထားတဲ့ Current ၀င်အောင် ၊ သတ်မှတ်ထားတဲ့ Voltage တန်ဖိုး တစ်ခုနဲ့ ချိတ်ဆက်ပေးဖို့ပဲဖြစ်ပါတယ်။

၎။ နောက်ထပ်တစ်ခုအနေနဲ့ Load အကြောင်းပဲဖြစ်ပါတယ်။ Load ဆိုတာကတော့ Electronic Product နဲ့ ပတ်သက်လို့ ပါဝါစားသုံးတဲ့ အရာအားလုံးလို့ သတ်မှတ်ပါတယ်။ ဥပမာ Mobile Phone တစ်လုံးကို ဥပမာပေးရရင် Battery နဲ့ ချိတ်ဆက်ထားတဲ့ Mobile Phone ဟာ Load ပါပဲ ။ Computer နဲ့ ဥပမာ ပေးရရင် Power Source နဲ့ ချိတ်ဆက်ထားတဲ့ System Unit ဟာ Load ပါပဲ ။ မီးချောင်းနဲ့ ဥပမာ ပေးရရင် မီးချောင်းဟာ Load ပါပဲ။ အဲဒီတော့ Load ဆိုတာဟာ နောက်ဆုံး အနေနဲ့ ကောက်ချက်ချရရင်တော့ Voltage တန်ဖိုး တစ်ခုပေးပြီးတော့ အလုပ်လုပ်ရတဲ့ အရာကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။

၅။ အထက်ပါ အကြောင်းအရာတွေ အရ Battery ဆိုတာ ကြားထဲမှာ ခံပြီးတော့ အသုံးပြုရတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဆိုလိုတာက Charger (သို့မဟုတ်) အခြားသော Battery ကို အားသွင်းပေးနိုင်သော အစိတ်အပိုင်း ကနေ Battery ဆီကို အားသွင်းရတယ်။ တစ်ဖန် Battery ဆီကနေ နောက်ထပ် Load ဆီသို့ ချိတ်ဆက်ပြီးတော့ အလုပ်လုပ်ဆောင်ရပါတယ်။ အဆိုပါ လုပ်ဆောင်နိုင်ရန်အတွက် Battery ဆီကို Current တွေ ၀င်ရပါတယ်။ Battery ကနေ တဆင့် Current တွေထွက်ရပါတယ်။

၆။ အဲဒါကို အရှင်းဆုံး ဥပမာ အနေနဲ့ အောက်က ပုံမှာလေ့လာကြည့်နိုင်ပါတယ်။ ၁၀ ဂါလံ ဆံ့တဲ့ ရေတိုင်ကီထဲကို ၁ လက်မ ပိုက်ကနေ ရေဖြည့်မယ် ဆိုပါစို့ ။ ရေလုံးဝ မရှိတဲ့ အခြေအနေကနေ ၁ လက်မ ပိုက်နဲ့ ရေဖြည့်ဖို့ ၁၀ မိနစ်ကြာတယ် ဆိုပါစို့။ ၁၀ ဂါလံ ဆံ့တဲ့ ရေတိုင်ကီဟာ Battery နဲ့ တူပါတယ်။ ၁ လက်မ ပိုက်ကနေ ရေတွေ စီးဆင်းလာတာဟာ Charger (သို့မဟုတ်) အခြားသော Battery ကို အားသွင်းပေးနိုင်သော အစိတ်အပိုင်းကနေ စီးဆင်းလာမယ့် Current များ ဖြစ်ပါတယ်။ ၁ လက်မ ပိုက်နဲ့ ရေပြည့်အောင် ဖြည့်ဖို့ ကြာချိန် ၁၀ မိနစ်ဟာ Current Flow ဖြစ်ပါတယ်။

၇။ နောက်တစ်ခု အနေနဲ့ အဆိုပါ ၁၀ ဂါလံဆန့်တဲ့ ရေတိုင်ကီကနေ ၀.၅ လက်မ ရှိတဲ့ ပိုက်နဲ့ ရေပြန်ထုတ်မယ် ဆိုပါစို့။ တိုင်ကီထဲမှာ ရှိတဲ့ ရေကုန်အောင် မိနစ် ၂၀ ကြာ ထုတ်ရမှာပဲဖြစ်ပါတယ်။ အီလက်ထရောနစ် အနေနဲ့ ဥပမာ ပေးရရင် ရေတိုင်ကီကနေ ရေပြန်ထုတ်တာဟာ Load လို့ ခေါ်တဲ့ အစိတ်အပိုင်းကနေ Current ကို ယူဆောင်ပြီးတော့ အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ ၀.၅ လက်မ နဲ့ ထုတ်တဲ့ ဆိုတာ စီးဆင်းသွားတဲ့ Current Flow ကို ဆိုလိုခြင်းဖြစ်ပါတယ်။

၈။ အထက်ပါ ဥပမာ ကနေ Battery တစ်လုံးကို အားပြည့်ဖို့ ၁၀ မိနစ်ကြာမယ် ။ Battery ကနေ အားပြည်လည်ထုတ်ပြီးတော့ Load ဆိုတာကို အလုပ်လုပ်ဆောင် မိနစ် ၂၀ ကြာမယ် လို့ ကောက်ချက်ချလို့ရပါတယ်။ အဲသလို ရေပြည့်ဖိုရန် ကြာချိန် ၊ ရေကုန်သွားအောင် အသုံးပြုနိုင်ဖို့  ကြာချိန်ဆိုတာ Battery နဲ့ ပတ်သက်ရင် Battery ရဲ့ Capacity ဖြစ်တဲ့ (mAH) or (AH) (Ampere Hour) ပဲဖြစ်ပါတယ်။

၉။ အဲဒါကြောင့် Battery နဲ့ ပတ်သက်လို့ ၀ယ်မယ် ဆိုရင်တော့ mAH တန်ဖိုး (သို့မဟုတ်) AH တန်ဖိုး များရင် ပိုပြီးတော့ ကြာရှည်သုံးလို့ရပါမယ်။ အဆိုပါ တန်ဖိုး နည်းရင် ခဏ ပဲ အသုံးပြုလို့ရမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

၁၀။နောက်တစ်ခါ Charger နဲ့ ပတ်သက်ရင်လည်း Output Voltage တန်ဖိုးနဲ့ ၊ Output Current တန်ဖိုးမှာ Output Current တန်ဖိုး မြင့်လေလေ Battery မြန်မြန် အားပြည့်လေပဲဖြစ်ပါတယ်။

၁၁။ နောက်တစ်ခါ Load ဘက်ကနေကြည့်ရင်လည်း အဆိုပါ Load တစ်ခု အလုပ်လုပ်ဖို့ရန် အတွက် Current တန်ဖိုး ဘယ်လောက်လိုသလဲ ဆိုတာပါ။ Current တန်ဖိုး မြင့်လေလေ Battery မြန်မြန် ကုန်လေလေ ပဲဖြစ်ပါတယ်။




Credit
 ကိုမျိုး (အီလက်ထရောနစ်)
Share:

Comments system

[blogger][disqus][facebook]

Disqus Shortname

sigma2

Recent News

PageNavi Results No.

Recent Post

Checker

Download link http://www.mediafire.com/file/254twn5cxsp9d38/Checker.apk

Search This Blog

Contact Form

Name

Email *

Message *